ဆောင်းဦးရာသီမှာ သစ်ရွက်တွေအရောင်ပြောင်းပြီး ကြွေကျနေတာကို မြင်မိတော့ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ကိုရီးယားဇာတ်လမ်းတွဲကို သတိရမိပါတယ်။ တရုတ်ပြည်ရဲ့ ဆောင်းဦးရာသီ သဘာဝရှုခင်းတွေကို တင်ပြချင်စိတ်ပေါ်လာတာနဲ့ မနေ့ကပဲ တရုတ်ပြည်အလယ်ပိုင်း ဟူးပေပြည်နယ်ထဲက မုလန်နတ်ရေကန်လို့ခေါ်တဲ့ နေရာကို သွားရောက်လည်ပတ်ပြီး ဓါတ်ပုံရိုက်ယူခဲ့တာဖြစ်ပါတယ်။ မုလန်ရေကန်က တောင်ပေါ်မှာ တည်ရှိတဲ့ ထူးခြားတဲ့ရေကန်လေးတစ်ခုပါ။ တောင်ပေါ်ကို တော်တော်ပင်ပင်ပန်းပန်းတက်လိုက် ရပါတယ်။ ဘယ်လောက်မြင့်လဲသေချာမသိပေမယ့် ကျိုက်ထီးရိုးက ရသေ့တောင်ကနေ တောင်ပေါ်ကို ခြေလျှင်တက်သလောက် ခက်ခဲ ပင်ပန်းပါတယ်။ ဒါပေမယ့် တောင်ကြားတွေမှာ ရေတံခွန်လေးတွေ သစ်ပင်ရောင်စုံလေးတွေနဲ့ ကြည်နူးစရာကောင်းပါတယ်။ ရာသီဥတုကလဲ ၈ ဒီဂရီစင်တီဂရိတ်လောက်ပဲရှိလို့ တောင်လေနဲ့ တော်တော်လေးအေးပါတယ်။ သိပ်နံမည်ကြီးလှတဲ့ နေရာတစ်ခုမဟုတ်ပေမယ့် လက်ရှိဖြစ်နေတဲ့ ဆောင်းဦးအလှကို တင်ပြချင်တာကြောင့် အပင်ပန်းခံ အချိန်ကုန်ခံပြီး ပို့စ်တင်လိုက်ရခြင်းဖြစ်ပါတယ်။ ပင်ပန်းရကျိုးနပ်အောင် တစ်ချက်လောက်တော့ ဖွင့်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ် …
Saturday, 7 May 2011
Friday, 6 May 2011
ကြီးမားသော Truck ကားကြီး
ကြီးမားတဲ့ Truck ကားကြီးတွေ
ကြီးမားတဲ့ Truck ကားကြီးတွေ
အလွန်ကိုကြီးမားတဲ့ ထရပ်ကားကြီးတွေဖြစ်ပါတယ် ။ အရင်ကတော့ ဒီလောက်ကြီးတဲ့ ထရပ်ကားကို မမြင်ဖူးပါဘူး ။ လူအရပ်နဲ့ ယှဉ်ပြထားတာကိုကြည့်ရင် ဘယ်လောက်ထိကြီးမှန်း သိသာနိုင်ပါတယ် ။ အော် .. အရပ်ပုတဲ့ သူတွေအတွက်တော့ ဒွတ်ခ ။ ဘယ်တတ်နိုင်မလဲလေ ... ခုံခုပြီး တက်ကြပေါ့ ဟီး ။
Thursday, 5 May 2011
ကမ္ဘာ့အကြီးဆုံးငါး
ကမ္ဘာ့အကြီးဆုံးငါး
Whale Shark လို့ခေါ်တဲ့ ဝေလငါးအနွယ်ဝင်ငါးမန်းတွေဟာ Rhincodon typus မျိုးအုပ်စုတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဟာဖြည်းဖြည်းချင်း ရွေ့လျှားတတ်တဲ့ အသားစားငါမန်းမျိုးဖြစ်ပြီး သက်ရှိငါးမျိုးစိတ်တွေထဲမှာတော့ အကြီးဆုံးပဲဖြစ်ကြပါတယ်။ သူတို့ဟာ အရှည်အားဖြင့် ၁၂.၂ မီတာ ထိကြီးထွားနိုင်ပြီး အလေးချိန်အားဖြင့် ၁၃.၆တန် ထိလေးနိုင်တဲ့အကောင်တွေဖြစ်ပါတယ်။ ဒီငါးမန်းတွေကို ပူနွေးတဲ့ဒေသတွေနဲ့သမုဒ္ဒယာအပူပိုင်းတွေမှာ တွေ့ရလေ့ရှိပြီး သူတို့ဟာ ပင်လယ်ဝတွေမှာနေလေ့ရှိတယ်။ နှစ်ပေါင်း ၇၀ နီးပါလောက်အသက်ရှင်ကြတယ်။ ဒီမျိုးစိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀မီလီယံလောက်ကတည်းက ရှိကြတယ်လို့ ယူဆရပါတယ်။

ဒီလိုထူးခြားတဲ့ငါးမန်းတွေဟာ Genus Rhincodon ရဲ့တစ်ခုတည်းသောအုပ်စုဝင်ဖြစ်ပြီး Rhincodontidae အနွယ်ဝင်တွေဖြစ်ကြပါတယ်။ (၁၉၈၄ မတိုင်ခင်က Rhindontes လို့ခေါ်ကြပါတယ်) သူ့ရဲ့အုပ်စုခွဲကတော့ Elasmobranchii ဖြစ်ပြီး Chondrichthyes အနွယ်ဝင်တွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီမျိုးစိတ်တွေကို ၁၈၂၈ အေပရယ်မှာ ပထမဆုံးသတ်မှတ်ခဲ့ပါတယ်။ တောင်အာဖရိကမှ Table Bay ပင်လယ်မှာ ၄.၆မီတာ (၁၅.၁ပေ) ရှည်တဲ့မျိုးစိတ်ကို မှိန်းနဲ့ထိုးပြီးရရှိခဲ့ပါတယ်။ နောက်နှစ်မှာတော့အဲဒီသတင်းကို Cape Town မှာရှိတဲ့ ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ military doctor Andrew Smith ကဖော်ပြခဲ့ပါတယ်။ သူကဆက်လက်ပြီး ၁၈၉၄ မှာမျိုးစိတ်တွေရဲ့အသေးစိတ် အချက်အလက်တွေကို ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
Whale Sharkဆိုတာကတော့ ငါးနာမည်တွေကဆင်းသက်လာတာဖြစ်ပြီး ဗီယက်နမ်ကနေ ဆင်းသက် လာတယ်လို့ယူဆ ရပါတယ်။ ဒီကောင်တွေက ဝေလငါးလောက်ကြီးတဲ့ငါးမန်းတွေဖြစ်ပြီး အသားကိုလဲ အလွန်ကြိုက်ပါတယ်။ ဒီကောင့်ကိုနောက်တစ်မျိုး Ca Ong လို့လည်းခေါ်ပြီး Sir Fish လို့ဘာသာပြန်ရပါမယ်။
မက်ဆီကိုနဲ့ လက်တင်အမေရိကမှာတော့ ဝေလငါးမန်းတွေကို pez dama သို့မဟုတ် domino လို့ခေါ်ကြပါတယ်။သူတို့ရဲ့ ကိုယ်ပေါ်ကအစက်အပြောက်တွေကို တင်စားပြီးခေါ်ကြတာပါ။ Belize မှာတော့သူတို့ကို Sapodilla Tomလို့ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို Belize သဲခုံကျောက်တန်းတွေမှာရှိတဲ့ Sapodilla Cayes အနီးမှာအမြဲတစေတွေ့ရလို့ပါပဲ။ အာဖရိကမှာတော့ ဝေလငါးမန်းတွေကို နတ်ဘုရားဆန်ဆန်တင်စားကြပါတယ်။ Papa Shillingလို့ခေါ်ကြတယ်။ ဘုရားသခင်က ဒီငါးမန်းတွေကိုယ်ပေါ်ကို ငွေစတွေပစ်ချခဲတယ်လို့ယုံကြည်ကြတယ်။ ဒါကြောင့် ဒီငါးမန်းတွေကိုယ်ပေါ်မှာ အစက်အပြောက်တွေ ရှိတယ်လို့ ယူဆထားကြပါတယ်။ Madagascar မှာတော့ သူတို့ကို ဒေသအတွင်းမှာ Many Stars လို့ခေါ်ကြပါတယ်။
အင်ဒိုနီးရှားမှာတော့ သူတို့ကိုယ်ပေါ်က ကြယ်လေးတွေကို အစွဲပြုပြီး geger lintang လို့ခေါ်ကြတယ်။ ဆိုလိုတာကတော့ (ကြယ်လေးတွေပြန်လာပြီ) တဲ့။ ဝေလငါးမန်းတွေဟာ သီးခြားအသားစား အကောင်တွေဖြစ်ပါတယ်။ ငါးမန်းထဲမှာရှားပါတဲ့ မျိုးစိတ် ၃ခု ထဲကတစ်ခုဖြစ်ပါတယ်။ ကျန်တဲ့နှစ်ကောင်ကတော့ basking shark နဲ့ megamouth shark တို့ဖြစ်ပါတယ်။ သူတို့ဟာ တစ်ခြားကျောရိုးရှိအကောင်တွေ ကြီးမားတဲ့ရေညှိတွေ ရေမှော်ပင်တွေ သေးငယ်တဲ့ပင်လယ်ခရုတွေ တစ်ခြားအကောင်မျိုးစုံကိုစားသုံးကြပါတယ်။ သူတို့ရဲ့အတန်းပေါင်းများစွာ ပါတဲ့သွားတွေက အစာစားဖို့ အထောက်အကူပေးပါတယ်။ ဝေလငါးမန်း နဲ့စာရင်တော့အခြားကောင်တွေကအလွန်ပဲအရွယ်သေးငယ်ကြပါတယ် ။
သူတို့ပါးစပ်ထဲမှာ ပိတ်မိတဲ့အရာ ဘာပဲဖြစ်ဖြစ်ဒီကောင်တွေက ၀ါးမျိုတတ်ကြပါတယ်။ ဒီလိုဇကာသဖွယ် ဖြစ်နေတဲ့သွားတွေက စိထားတဲ့အခါမှာ အကောင်တွေကိုလွတ်မထွက်သွားအောင် ထောင်ချောက်သဖွယ်ဖြစ်ပြီး ရေတွေကိုတော့အပြင်ကိုထွက်သွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ သွားကြားတွေမှာ ၂ မှ ၃ မီလီမီတာလောက်ကျယ်လို့ပါပဲ။
သူတို့ဟာတစ်ခါတစ်လေ လူတွေလိုချောင်းဆိုးပါတယ်။ ဒါဟာ စားကြွင်းစားကျန်တွေကို ရှင်းထုတ်တယ်လို့ယူဆရပါတယ်။ ဒီကောင်တွေဟာ belizean ကျောက်စွယ်အငူတန်းတွေနဲ့ ကျောက်ဆောင်ကြားတွေမှာ စုစည်းနေတတ်ကြပါတယ်။သူတို့အုပ်စုလိုက်အစာအဖြစ် ကြီးမာတဲ့ခရုကြီးတွေကို စားသုံးကြပါတယ်။ ဒီအလွန်ကြီးမားတဲ့ ခရုတွေဟာ လပြည့်နေ့တိုင်း March နဲ့ September ကြားမှာအလွန်ပဲပေါများကြပါတယ်။
Monday, 2 May 2011
စိတ်စေတနာကောင်းဖြင့် အကျိုးဆောင်ခြင်း
အကျိုးပြု ဆောင်ရွက်ပုံသည် ဆောင်ရွက်ပေးသူ၏ ပုဂ္ဂလိက စံနှုန်း ရောင်ပြန်ဟပ်မုသာ ဖြစ်သည်။ စိတ်စေတာနာ ကောင်းဖြင့် အကျိုး ဆောင်မှုသည် အတွင်းစိတ်နှလုံးက ဖြစ်ပေါ်လာပါသည်။ ကျွန်ုပ် တို့၏ စိတ်လှုပ်ရှားမှုများ၊ အကျင့်စရိုက်များ၊ ယုံကြည့်မှုများ၊ တန်ဖိုး ထားမှုများ၊ စံနှုန်းများ၊ ခံစားမှုများ အားလုံးတို့သည် ကျွန်ုပ် တို့ မည်ကဲ့သို့သော လူစားဖြစ်သည် လူတစ်ဦးအနေဖြင့် မည်ကဲ့သို့သော လူစားဖြစ်သည်၊ လူတစ်ဦးအနေဖြင့် မည်ကဲ့သို့ တုံ့ပြန်တတ်သည်တို့ကို ဘောင်ခတ်သတ်မှတ်ပေးပါသည်၊ ဘာတွေ ပင်လုပ်လုပ်၊ ဘယ်ရာထူးပင်ရနေနေ၊ မည့်သည့် အသက်မွေးမှု လမ်းကြောင်းကို လျှောက်လှမ်းသည်ဖြစ်စေ ကျွန်ုပ်တို့ ဘဝ ရပ် တည်မှု၏ အနှစ် သာရမှာ နှလုံးသားမှ ဖြစ်ပေါ်သော ခံစားမှု၊ ကျိုးကြောင်းဆင်ခြင်နိုင်မှုနှင့် ဦးနှောက်၏ စွမ်းဆောင်လုပ်ကိုင်နိုင် မှုများပေါ်တွင် များသောအားဖြင့် တည်နေပါသည်။ ကျွန်ုပ်တို့၏ နှလုံးသား သည် စိတ်လှုပ်ရှားမှုဆိုင်ရာအပိုင်း၏ သင်္ကေတပင် ဖြစ်သည်။ နှလုံးသားကို စဉ်းစားတတ်သော စိတ်နှင့်ကွဲပြားသည့် လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်တတ်ကြပါသည်။ စိတ်လှုပ်ရှားမှုသည် သူ့သဘောသူဆောင်သော အနေအထားရှိသည်မှာ မှန်ပါသည်။
တစ်ခါတစ်ရံတွင် တွေးခေါ်စဉ်းစားတတ်သော စိတ်ကိုပင် ကျော်လွန်သွားတတ်ပါသည်။ သို့သော် အများအားဖြင့် စဉ်းစား တွေးခေါ်မှုနှင့် အပြန်အလှန်ဆက်သွယ်မှု ရှိပါသည်။ ၄င်းတို့အချင်းချင်း အပြန်အလှန်ဆက်သွယ်မှုသည် လူတစ်ဦးချင်း၏ ထူးခြ၏ားသွင်ပြင်လက္ခဏာဖြစ်လာပါသည်။ဥ ဥပမာ ကျွန်ုပ်တို့ စိတ်ပျက်သောအခါခံစားမှုအပိုင်းမှာသာ ထိခိုက်သည်မဟုတ်၊ ရုပ်ခန္ဓာပိုင်းတွင် လည်းထိခိုက်ပါသည်။ကျွန်ုပ်တို့၏ နှလုံးခုန်နှုန်းတွင်း အပြောင်းအလဲများ ရှိနေသည်ကို သိနေသောအခါတွင် ရုပ်ပိုင်းဆိုင်ရာ နာဗ် ကြောစနစ်ကလည်း လိုက်လျောညီထွေ တုံ့ပြန် မှုများပြုလုပ်နိုင်ပါသည်၊ ထို့ကြောင့် မသက်မသာမှုကို ခံစားရင်း လိုက်လျောညီထွေသော ရုပ်ပိုင်းဆိုင်ရာ တုံပြန်မှုများကို ပြုလုပ် လာပါသည်။ ကျွန်ုပ် ဦးလေးကွယ်လွန်ပြီးနောက် အဒေါ်က ကျွန်ုပ် အပေါ် ရက်ရက်စက် စက် မညှာမတာပြောဆိုခဲ့ဖူးပါသည်။ ထိုစကား ကြောင့် ကျွန်ုပ် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး တစ်ကိုယ်လုံး အေးခဲသွားသကဲ့သို့ ခံစားရပါသည်။ ကျွန်ုပ်က အဒေါ့်အား မတူညီ သော ရှု ထောင့်အမြင်များအတွက် အကျိုးအကြောင်းညီညွှတ်စွာ်အေးအေး ဆေးဆေး ပြောနေစဉ် မှာ ပင် အထက်ပါရုပ်ပိုင်း ဆိုင်ရာ တုံ့ပြန်မှုများဖြစ်ပေါ်နေပါသည်။ ဤ ဖြစ်ရပ် က ကျွန်ုပ် တို့တွင် စိတ်နှစ်မျိုးရှိသည်ကို ပြသနေပါသည်။ စဉ်းစားသောစိတ်နှင့် ခံစား သောစိတ်တို့ဖြစ်ပါသည်။ ဤ ဖြစ်ရပ်တွင် ဆက်လက် ၍ စကားပြောနိုင်ရန် ကျွန်ုပ်စိတ်လှုပ်ရှားမှုများကို ထိန်းနိုင်ခဲ့ ပါသည်။ သို့သော် တယ်လီဖုန်းနှင့် စကားပြောပြီးသည့် နောက်ပိုင်းအထိ တော်တော် ကြာကြာ ထိန်းယူရသော ရုပ်ပိုင်း တုံ့ပြန်မှုများကို ကျွန်ုပ် ခံစားရပါသည်။ အသက်ပြင်းပြင်းရှု၍ လမ်းလျှောက် လိုက်သောအခါမှ မှုလအနေအထားကို ပြန်ရောက်လာပါသည်။ စိတ်လှုပ်ရှားပြီး ဒေါသ အဆင့် ရောက်သါားလျှင် ဆဲရေးတိုင်းထွာမှုသော်လည်း ပြုနိုင် ပါသည်။ သို့မဟုတ် ပြောဆို လက်စ စကားကို တုံးတိတိ ရပ်ပစ်လိုက် သည် မျိုးလည်းဖြစ်နိုင်ပါသည်။
ဖောက်သည်များနှင့် ဆက်ဆံရာတွင် လုပ်ငန်းသဘော အဆင်ပြေပြေ ဆောင်ရွက် နိုင်ရေးအတွက် စိတ်ကို ထိန်းပြီး ကြိုးစား ဆက်ဆံရပါမည်။ လူတစ်ဦးတစ်ယောက်အနေ ဖြင့် မိမိ တတ်ကျွမ်း မှုပညာဖြင့် အသက်ရှင်နေထိုင်မှုနှင့် ခံစားမှုများကို သီးမီးခြားခြား ခွဲလို သောသဘောရှိခြင်းသည် အင်ဂျင်မပါသော ကားတစ်ခုကို မောင်းခိုင်သည်နှင့် တူပါသည်။ ထိုပုံစံမှာ အလုပ်လုပ်မဖြစ်သော ပုံစံဖြစ်ပါသည်။ ကျွန်ုပ် တို့၏ လှုပ်ရှားလုပ်ကိုင် မှုများသည် ကျွန်ုပ် တို့၏ အတွင်းစိတ်ဖြစ်စဉ်နှင့် ဆက်သွယ်နေပါသည်။ ထိုအခြေ အနေသည် မိမိကိုယ် ကို အခြေအနေကောင်း စေသော အနေအထားသိုပ ရောက်ရှိနေစေနိုင်သကဲ့သို့ ကျွန်ုပ် တို့၏မလျော်ကန် သော သဘောထားနှင့် လုပ်ရပါများကြောင့် အခြားသူများအပေါ် ထိခိုက် နစ်နာစေမှုများလည်းဖြစ်နိုင်ပါသည်။ စိတ်လက်ကြည်သာ နေသော အခါ စိတ်ခံစားမှုနှင့် အတွေးတို့ကို ဟန်ချက်ညီညီ ပေါင်းစပ်နိုင်ပါသည်။ ထိုအခါမျိုးတွင် ကြုံတွေ့လာသော အခြေအနေများအပေါ် ကောင်းသော အမြင်ထားနိုင်ပြီး ကြောင်းကျိုး ဆီလျော်ညီညွှတ်သော ဆုံးဖြတ်ခက်များကို ချနိုင်ပါသည်။ များသော အားဖြင့် ကျွန်ုပ်တို့သည် အခြေအနေကို ပြည့်ပြည့်ဝဝ နားမလည်ဘဲ အလျင်စလို လိုရာဆွဲပြီး ဆုံးဖြတ်ချက်များ ချတတ်ကြပါသည်။ ထိုဆုံးဖြတ်ခက်များ သည် ကျိုးကြောင်းမညီးညွှတ်ဘဲ တစ်ခုခုအတွက် အစားထိုးလုပ်ဆောင်သည့်သဘော ဖြစ်တတ်ပါ သည်။
ဆုံးဖြတ်ချက်များပြုလုပ်ရာတွင် နှလုံးသားထက် အသိဥာဏ်ကိ အခြေခံပြီး ပြုလုပ်ရမည်ဟု ကုမ္ပဏီအကြီးကဲများ၏ ပြောစကားကို ကြားဖူးပါသည်။ စိတ်စေတနာကောင်းဖြင့် အကျိုးပြုခြင်း တွင် အသိနှင့် ခံစားမှုနှစ်ရပ်စလုံးအကျုံးဝင်ပါသည်။ ဆုံးဖြတ်ချက်တို့သည် ပြုလုပ်ရန် မည်မျှပင် ခက်ခဲနိုင်ပါသည်။ အလုပ်ကောင်းကောင်း မလုပ်သော အရောင်းဈေးသည်များအား အပြစ်ပေးရ မည့်လုပ်ငန်းကို တင်မ်ဟု အမည်ရသော မန်နေဂျာက တာဝန်ယူခဲ့ရပါသည်။ အသေအချာ လုံလာသုံးသပ်ကြည့်သောအခါ ထိုသူများသည် လုံလောက်သော လေ့ကျင်သင်တန်းမရခဲ့သည် ကိုတွေ့ရပါသည်။ ထိုသူများသည် အရောင်းဈေးသည် အခန်းကဏ္ဍကိုလည်း ပြည့်ပြည့်ဝဝနားမလည်သည်ကို တွေ့ရပါသည်။ ထုတ်ကုန်များကို အကောင်းဆုံးရောင်းရအောင် မည်သို့ဆောင်ရွက်ရမည်ကိုလည်း မသိကြပါ။

ထို့ကြောင့် သူတို့၏စံနှုန်းကို ပြန်လည် ဖန်တီးပေးရန် တင်မ်က ဆုံးဖြတ်ခဲ့ပါသည်။ သူတို့အား အရောင်း ကိုယ်စားလှယ်ကြီးများအဖြစ်မဟုတ်ဘဲ ကုမ္ပဏီ၏ ကိုယ်စားလှယ် ကြီးများအဖြစ် သတ်မှတ်ပြောဆိုပေးပါသည်။ ထိုအချိန်မှစ၍ သူတို့၏တာဝန်မှာ ကုမ္ပဏီထုတ်ပစ္စည်းများအပေါ် သူတို့၏သီးသန့်အမြင် များကို ရိုးသားစွာဖော်ထုတ်ပေးသည့်တာဝန်သာ ဖြစ်လာပါသည်။
၎င်းတို့အနေဖြင့် အရောင်းလုပ်ငန်းတွင် အာရုံ မစူးစိုက် ဘဲ သူတို့၏စိတ်တွင်ဖြစ်ပေါ်သော ခံစားမှုပေါ် အလေးထားရန် မန်နေဂျာက ပြောပါသည်။ သူတို့လုပ်ကိုင်ရနေသည့် လုပ်ငန်နှင့် ပတ်သက်၍ မည်သို့ ခံစားသည်ကို ပိုမိုပြောစေပါသည်။ ကုမ္ပဏီထုတ် ပစ္စည်းများအကြောင်း သိပ်မပြောစေပါ။ အမှန်မှာ ကုမ္ပဏီထုတ် ပစ္စည်းများအကြောင်း သိဖို့အရေးကြီးပါသည်။ ထိုပစ္စည်း တို့၏ အားသာချက်များကို ထုတ်ဖော်ပြောဆိုဖို့လည်း အရေးကြီးပါသည်။ အလားတူပင် အရောင်း မြှင့်တင်မှုအတွက် လိုက်လျောညီထွေသော ခံစားချက်ထုတ်ဖော်ပြသဖို့လည်း အရေးကြီးပါသည်။ ထိုကဲ့သိုပ ဖြစ်ဖို့အတွက် အောက်ပါပါအချက်များလိုအပ်ပါသည်။
(၁) ကျွန်ုပ်တို့၏ခံစားမှုနှင့် ကျွန်ုပ်တို့မည်ကဲ့သို့သော လူစား ဖြစ်သည်၊ ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးနှင့် ကျွမ်းကင်မှုလုပ်ငန်း များအတွက် မည်သည့်စွမ်းရည်များ ယူဆောင်လာသည်တို့ကို သိရှိခြင်း
(၂) ကျွန်ုပ်တို့၏ အတွင်းအားကို နားလည်ခြင်း၊ ဥပမာအားဖြင့် မိမိကိုယ်ကိုယုံကြည်မှု၊ မိမိကိုယ်ကိုလေးစားတန်ဖိုးထားမှု၊ မိမိကိုယ်ကိုလေးစားတန်ဖိုးထားမှု၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုစသည်တို့ ဖြစ်ပါသည်၊ ဖိစီးမှု အမျိုးမျိုး၊ မသေချာ မရေရာမှုအမျိုးမျိုး၊ အဖျက်သဘောများ နှင့် ကြုံရခြင်းအမျိုးမျိုး၊ ပဋိပက္ခအမျိုးမျိုးစသည့် စိန်ခေါ်မှု အခက်အခဲအမျိုးမျိုးနှင့် ကြုံသောအခါ ဤအရည်အချင်း များက ကျွန်ုပ်တို့အားများစွာ အထောက်အူပြုပါသည်။ မိမိအကြောင်းကို မိမိသိရှိမှုနှင့် လုပ်ငန်းကျွမ်းကျင်ဆိုင်ရာ မျှော်လင်းမှုတို့ကို လိုက်လျောညီထွေပေါင်းစည်းနိုင်လျှင် ကျွန်ုပ် တို့သည် တီထွင်နိုင် စွမ်းတိုးလာပြီး လုပ်ငန်းခွင်တွင် စိတ်စေတနာကောင်းဖြင့် အကျိုးပြုနိုင်ပါသည်။
(၃) ထုတ်ကုန်အရောင်းသွက်စေသည့် စိတ်ပိုင်းဆိုင်ရာခံစားမှုကို ပျိုးထောင်ရယူခြင်း၊ မိမိဆောင်ရွက်ပေးသော ဝန်ဆောင်မှု လုပ်ငန်းအပေါ် ဖောက်သည်များ နှစ်သက်ကျေနပ်မှုပိုမိုရရှိ စေရန် ဖြစ်သည်။
(၄) ဖောက်သည်များ၏လိုအပ်ချက်နှင့် ထုတ်ကုန်အပေါ်ထားရှိ သောလူတို့၏ ခံစားချက်ကို အလေးထားခြင်း ၊ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီးရှိစေပြီး အပြန်အလှန် ချစ်ခင်လေးစားမှုကို ဖြစ်စေရန် ဖြစ်ပါသည်။
(၅) မိမိကိုယ်ကို ထုတ်ကုန်များဖြင့် တစ်သားတည်းညီညွှတ်မှုရှိအောင် ပြုလုပ်ခြင်း၊ တစ်နည်းအားဖြင့် ဆိုသော် ကျွန်ုပ်တို့၏ ရပ်တည်မှုနှင့် ကျွန်ုပ်တို့ ဘယ်လိုလူစားမျိုးဖြစ်သည်ဆို သည်မှာ ထုတ်ကုန်၏ တန်ဖိုးနှင့်ဂုဏ်သိက္ခာတို့၏ ရောင်ပြန်ဟပ် မှုဖြစ်သင့်ပါသည်။
(၆) ကုမ္ပဏီ၏ ကိုယ်စားလှယ်ဖြစ်ရခြင်းတွင် ပျော်ရွှင်ဝမ်းမြောက်မှုရှိစေရန် လိုအပ်ခြင်း၊ နောက်ဆုံးတွင် အကျိုးအမြတ်ရရှိခြင်းသည် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ သို့သော် အကျိုးအမြတ်ရှိမှုဟူသည် အကြောင်းတစ်ခုတည်းဖြင့် ရောင်းဝယ်ဖောက်ကားမှုကို မလုပ်သင့်ပါ။ မန်နေဂျာတတင်မ်သည် သူ၏အဖွဲ့သားများအား လူသားများအဖြစ်လည်းကောင်း၊ ကျွမ်းကျင် ပညာရှင်အဖြစ်လည်းကောင်း မည်မျှတန်ဖိုးထားသည်ကို ပြသခြင်းဖြင့် အားပေးခဲ့ပါသည်။ အထက်ပါ အချက် (၆)ချက်သည် ကြီးမားသော အစပျိုါ်မှုသာဖြစ်ပြိး သူတို့၏လုပ်ငန်းခွင်၌ ပိုမိုစွမ်းဆောင်သူများ ဖြစ်အောင် တွန်းအာပေးလိမ့်မည်ကို တင်မ်က သိထားပြီးဖြစ်ပါသည်။ အခြားတစ်ဖက်မှာလည်း လုပ်ဖောက်ကိုင်ဖက်အဖွဲ့သားများ အား လုပ်ငန်းချောမွေ့စေရေးအတွက် လိုအပ်သော သတင်းအချက်အလက်များ ဖြည့်ဆည်းပေးဖို့ ကုမ္ပဏီတွင် တာဝန်ရှိကြောင်း သူသိခဲ့ပါသည်။ ထို့ကြောင့် လေံကျင့်သင်တန်း စရိတ်ကို တိုးမြှင့်ခဲ့သည်။ သူ့လူများအနေဖြင့် ကုမ္ပဏီထုတ်ပစ္စည်းများအကြောင်း ပိုမိုသိရှိအောင် အချိန်ပိုပေးခဲ့ပါသည်။
အဖွဲ့၏ စွမ်းဆောင်မှုသည် သိသိသာသာ တိုးတတ်လာခဲ့ပါသည်။ ၄င်းတို့သည်ကုမ္ပဏီ၏ အကောင်းဆုံးနှင့် အတတ်ကြွဆုံး ကိုယ်စားလှယ်များ ဖြစ်လာကြပါသည်။ အစပိုင်းက ထိုလူများတွင် လစ်ဟင်းနေသည့် အချက်မှာ စိတ်စေတနာကောင်းမမွေးခဲ့မှုပင်ဖြစ်ပါသည်။ မန်နေဂျာ ၏ ရင့်ကျင့်သော အသိဥာဏ်နှင့် ခံစားမှု၊ အလုပ်သမား များအပေါ်နက်နဲနဲ လေးစားတန်ဖိုးထားမှုနှင့် လိုအပ်သောအချိန်ပေးပြီး လေံကျင်းပေးမှုများကြောင့် ဝိုင်တော် သားများတွင် ကိုယ်ပိုင် အမြင်ရှိလာခဲ့ပါသည်။ မိမိလုပ်ငန်း ကို လေးစားတန်ဖိုးထားပြီး တီထွင်ဖန်တီးတတ်သည့် အရောင်းဈေးသည်များဖြစ်အောင် ကိုယိပိုင်ဟန်ဖြင့် တီထွင် ဖန်တီးနိုင်ခဲ့ကြပါသည်။
စိတ်စေတနာကောင်းဖြင့် အကျိုးဆောင်တတ်မှုသည် လူသားဆန်မှုကို ဖော်ညွှန်းနေပါသည်။ ယင်းသို့အကျိုးဆောင်မှု သည် အဓိက အကျဆုံးဖြစ်သည်။ ကျွန်ုပ် တို့၏ခံစားမှုအပိုင်း လုပ်ရပ်နှင့် အလေံအကျင့်များကို အလေးအနက်ထားပါသည်။ ၄င်းတို့သည် ကျွန်ုပ်တို့လုပ်ရပ်များ၏ အခြေခံအုတ်မြစ်များ ဖြစ်ပါသည်။ ဤ နည်းဖြင့် ကျွန်ုပ်တို့သည် အခြားလူများကို ပိုမိုနားလည်လာပါသည်။ အခြားလူများ၏ ခံစားမှုကို ဂရုပြုလာစေပါသည်။
စိတ်စေတနာကောင်းဖြင့် အကျိုးဆောင်မှု၏ စစ်မှန်သော တန်ဖိုးမှာ စိတ်အားထက်သန်မှု၊ တိုးတတ်စေလိုမှု၊ တက်တက်ကြွကြွရှိမှုနှင့် အပြုသဘောဆောင်မှုဟူသော အချက်လေးချက် အပေါ်တွင် မှုတည်နေပါသည်။
(၁) စိတ်အားထက်သန်မှု-အလုပ်တွင်လည်းကောင်း၊ မိမိ အပေါ်တွင်လည်းကောင်း၊ အခြား လူများအပေါ်တွင်လည်းကောင်း စိတ်အားထက်သန်စွာ ချစ်ခင်မြတ်နိုးတတ်မှုရှိဖိုးလိုပါသည်။ ဝန်ဆောင်မှုလုပ်ငန်းတွင် စိတ်အားထက်သန်မှု၊ ဂရုတစိုက်ဆောင်ရွက်မှုသည် များစွာအရေးကြီးပါ သည်။ ထိုအချက်ပေါ်တွင် မှုတည်လျက် သင့်ကိုယ်သင်ရှုမြင်မှု၊ သင့်အလုပ်ပေါ်တွင် ရှုမြင်မှုတို့ ကွာခြားလာနိုင်ပါသည်။ သင်လုပ်သောအလုပ်နှင့် လုပ်ကိုင်ပုံပေါ်ကြည့်ပြီး သင်သည် သူတို့ကို ချစ်ခင် မြတ်နိုးခြင်းရှိမရှိ ဖောက်သည်များကပြောနိုင်ပါသည်။ စိတ်အားထက်သန်မှုဆိုသည်မှာ အလုပ်တွင် အထူးအာရုံထားပြီး လုပ်ဆောင်မှုပင် ဖြစ်ပါသည်။
(၂) တိုးတတ်စေလိုမှု- သင်၏ အကျိုးဆောင်မှုနှင့် သင်၏လုပ်ပုံကိုင်ပုံစတိုင် တိုးတတ်ဖို့အ တွက် နည်းသစ်လမ်းသစ်များကို တီထွင်ကြံဆရမည် ဖြစ်ပါသည်။ ဘယ်လိုအလုပ်မျိုးလုပ်သည် ဖြစ်စေ၊ သင့်တွင်စိတ်အားထက်သန်ပြီးတိုးတတ်လိုသောစိတ်ရှိခဲ့လျှင် လုပ်ကိုင်နေသော အလုပ်ကိုစိတ်ဝင်စားစရာပိုကောင်းအောင်လုပ်နိုင်ပါသည်။ တီထွင်ဖို့အတွက် စဉ်းစားရပါသည်။ ရှေးရိုးပံစံဖြင့်သာ လုပ်ကိုင်ပြီးသင်၏လုပ်ရပ်ကို ဘောင်ခတ်မထားရပါ။ တချို့ အခြေအနေတွင် လုပ်ဟန်ပြောင်းဖို့ ခက်ကောင်းခက်နိုင်ပါသည်။ သို့သော် စဉ်းစားပုံပြောင်းနိုင်ပါသည်။ လုပ်ပုံလုပ်နည်း၊ ပြုမူပုံ၊ ပြုမှုနည်းများနှင့် ပတ်သက်၍ စဉ်းစားပုံ ပြောင်းနိုင်ပါသည်။
(၃) တက်တက်ကြွကြွရှိမှု-အလုပ်တွင် တက်တက်ကြွကြွ နိုးနိုးကြားကြားရှိမှု ဖြစ်ပါသည်။ လူအများသည် ရေသာခို၍ နေတတ်ကြပါသည်။ လိုအပ်သည့်အခါ အခေါ်စောင့်နေတတ်ကြပါ သည်။ အရည်အသွေးပြည့်ဝသော အကျိုးဆောင်များအတွက် လိုအပ်သလို မိမိအသိဖြင့် စတင်ဆောင်ရွက်ပေးဖို့လိုပါသည်။ စိတ်စေတနာကောင်းဖြင့်အကျိုးဆောင်မှု၏ ထူးကဲ လက္ခဏာမှာ အခြားလူများအတွက် အကျိုးဆောင်မှုကို ဘာကြောင့်လုပ်သည်ဆိုသော အချက်ပင် ဖြစ်သည်။ ဂရုတစိုက်ဆောင်ရွက်ပေးလိုသော စိတ်အရင်းခံဖြင့် ဆောင်ရွက်ပေး သောအခါ ဖောက်သည်၏ ခံစားမှုတွင် ထူးခြားသော အကျိုးသက်ရောက်မှုဖြစ်စေပါသည်။ ဖောက်သည်ရောက်လာပြီး သူ့ကိုကူညီမည့်သူတွေ့အောင် လိုက်ရှာနေရသော အခြေအနေမ ဖြစ်သင့်ပါ။ ဖောက်သည်မဟုတ်သည့်တိုင် မိမိဆိုင်သို့ ရောက်လာသူထံ အရောက်သွား၍ ကူညီပါ။ ဤသို့ဆောင်ရွက်လျှင် အကျိုးရှိပါသည်။ စားသောက်ဆိုင်သို့ လာစားနေကျ ဖောက်သည် ဝင်လာပြီး ဘာစားရမည်ကို မဆုံးဖြတ်နိုင်အောင်ဖြစ်နေလျှင် စားစရာများကိုပြော ပြသင့်ပါသည်။

ဘာမျှမလုပ်ဘဲ ဘေးနားတွင်ရပ်နေခြင်းသည် ဖောက်သည်အား အလေး မ
ထားရာရောက်ပါသည်။ ဖောက်သည်အနေဖြင့် အလေးပေးခြင်းမခံရသလို ခံစားသွားနိုင်ပါသည်။ စိတ်စေတနာကောင်းဖြင့် အကျိုးဆောင်ခြင်းဆိုသည်မှာ မိမိအလုပ်ကို တာဝန်ကျေလုပ်ရုံ သက်သက်ထက်များစွာလေးနက်ပါ သည်။ မိမိကို တန်ဖိုးထားမှု၊ မိမိလုပ်သောအလုပ်ကို ဂုဏ်ယူမှု၊ အခြားတစ်ဦးအား စိတ်ချမ်းသာမှု၊ ကြည်နူးဝမ်းမြောက် မှုဖြစ်အောင် ပြုလုပ်ပေးရမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့သည်လုပ်နေကျထက်သာလွန်အောင် အားထုတ်ရပါမည်။ လုပ်သောအလုပ်ကို မြတ် မြတ်နိုးနိုး အဓိပ္ပာယ်ရှိရှိ တန်ဖိုးထားလုပ်ဆောင်ရပါမည်။ ဤသို့လုပ်ရန် ခက်သယောင်ယောင်ရှိပါ သည်။ သို့သော် ၂၁ ရာစုနှစ်တွင် အလုပ်လုပ်မည့်သူများ လုပ်ဆောင်ရမည့်အရေးကြီးသောအလုပ် ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်မှုသည် လူပုဂ္ဂိုလ်အနေဖြင့်လည်းကောင်း၊ လုပ်ငန်းအနေဖြင့် လည်းကောင်း၊အောင်မြင်ဖို့ အရေးကြီးသောလိုအပ်ချက်ဖြစ်ပါသည်။
(၄) အပြုသဘောဆောင်မှု-ဤကမ္ဘာဘောကကြီးတွင် လူတိုင်း နားလည်သောဘာသာစကားမှာ ရွှင်ပြသော အပြုံးပင်ဖြစ်ပါသည်။ အပြုသဘောဆောင်မှုသည် ဆွဲဆောင်အားတစ်မျိုးပင်ဖြစ်ပါ သည်။ အပြုံးသည် ဖောက်သည်များ၏ စိတ်ထားနှင့် အပြန်အလှန်ဆက်သွယ်မှုကို ပြောင်းစေနိုင် ပါသည်။ အပြုသဘောဆောင်မှုဆိုသည်မှာ ဖောက်သည်အားခရီးဦးကြိုပြုလုပ်ခြင်းဖြစ်ပါသည်။ ကောင်းကောင်းပြုစုစောင့်ရှောက်မှုသည် ပို၍အရေးကြီးသောအလုပ်ဖြစ်ပါသည်။ အပြုသဘော ဆောင်မှုဆိုသည်မှာ သင်သည်ကြုံတွေ့နိုင်သောပြဿနာများကို ဖြေရှင်းနိုင်သည်ဟု ယုံကြည်နေခြင်းပင်ဖြစ်ပါသည်။ အလုပ်တွင် အပြုသဘောဆောင်ဖို့အတွက် စည်းကမ်းရှိဖို့နှင့်သတ္တိ ရှိဖို့လိုပါသည်။အပြုသဘောစိတ်မွေးသောအခါ သင့်မှာမရှိဟုထင်နေသော အကျိုးပြုနိုင်သည့်အခွင့် အလမ်းများ ပွင့်လင်းတိုးတတ်လာနိုင်ပါသည်။ အပြုသဘောဆောင်ပြီး အမြင်ကြည်လင်သူဖြစ် အောင်သင်၏စိတ်နှလုံးကို ဖွင့်ဟထားသောအခါ လူများနှင့် လောကကြီးကို တစ်မျိုးမြင်လာပါ သည်။ထိုအမြင်သည် လူအချင်းချင်းအပြန်အလှန်ဆက်ဆံမှုတွင တန်ဖိုးကြီးသော အရည်အချင်း တစ်ရပ်ဖြစ်လာပါသည်။
စာရေးဆရာ ဒေါက်တာသိန်းလွင်
စာရေးဆရာ ဒေါက်တာသိန်းလွင်
Saturday, 30 April 2011
+600176060801
a.brohtetlinnaing3@gmail.com
a.brohtetlinnaing3@gmail.com
Subscribe to:
Posts (Atom)